“To learn, to teach and to apply for the benefit of mankind”

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်း

ပြည်နည်းပညာတက္ကသိုလ်(၂၀၂၃-၂၀၂၄) ပညာသင်နှစ်၏ မိုးရာသီသစ်ပင်စိုက်ပွဲကို (၂-၇-၂၀၂၄)နံနက်(၈)နာရီတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)နှင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့် ဌာနဆိုင်ရာများ၊ ပြည်နည်းပညာတက္ကသိုလ်ရှိ ဆရာ၊ဆရာမဝန်ထမ်းများ၊ ကျောင်းသား/သူများ စုစုပေါင်း (၆၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

သရက်ပင်၊ ပိန္နဲပင်၊ ဒန့်ဒလွန်ပင်၊ ပေါက်ပန်းဖြူ/နီပင်၊ ကြောင်လျှာပင်၊ ကျွန်း၊ ပိတောက်၊ပျဉ်းကတိုး၊ မယ်ဇယ်ပင်နှင့် တမာပင် စသည့် အရိပ်ရပင် (၇၇၀)နှင့် သီးပင်စားပင် (၁၀၀)တို့အား စိုက်ပျိုးခဲ့ပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *