“To learn, to teach and to apply for the benefit of mankind”

ပြည်ခရိုင်(၂၅)ကြိမ်မြောက် ‌‌ငွေရတုအထိမ်းအမှတ် ဆိုကရေးတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားကို သြဂုတ်လ၁၂ရက်နေ့နံနက်ပိုင်း၌ ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ကျင်းပခဲ့သည်။

ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီးနောက် အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *