လုပ်ငန်းစဉ်
စက်မှုအင်ဂျင်နီယာဌာနသည် ဘွဲ့လွန်နှင့် ဘွဲ့ကြိုသင်တန်းများကို သင်ကြားပေးလျက်ရှိပါသည်။ စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ပြီး သင်ကြားခြင်းဖြင့် လူမှုပတ်ဝန်းကျင်အတွက်အကျိုးပြုမည့် ထူးချွန် ထက်မြက်သော အင်ဂျင်နီယာကောင်းများ မွေးထုတ်ပေးလျက်ရှိပါသည်။
ဘွဲ့လွန်သင်တန်း ME (Mechanical) ဘွဲ့အတွက် ၂ နှစ်သင်တန်းနှင့် ဘွဲ့ကြိုသင်တန်း BE (Mechanical) ဘွဲ့အတွက် ၆ သင်တန်းများသင်ကြားပေးလျက်ရှိပါသည်။ Ph.D ဘွဲ့ရ ပါမောက္ခဆရာ/မများ ၊ ME ဘွဲ့ရ တွဲဖက်ပါမောက္ခဆရာ/မများ ၊ BE ဘွဲ့ရ သင်ကြားရေးဆရာ/မများ ၊စုစုပေါင်းအင်အား (၂၀)ဦးခန့်ဖြင့် ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိပါသည်။
မျှော်မှန်းချက်
- အရည်အသွေးမြင့်မား၍ စည်းကမ်းရှိသော အင်ဂျင်နီယာများ မွေးထုတ်ရန်။
အထူးတာဝန်
- ခေတ်နှင့်လျော်ညီသော သင်ရိုးညွှန်းတမ်းများ ၎င်းနှင့်ကိုက်ညီသော လက်တွေ့လုပ်ငန်းများနှင့် သင်ကြားသင်ယူမှုများကို ထိရောက် အောင် ဆောင်ရွက်ရန်။
- သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရန်။
- အလုပ်အကိုင်၊ အခွင့်အလမ်းရရှိမှု တိုးတက်ရန်အတွက် စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီများ နှင့် ချိတ်ဆက် ဆောင်ရွက်ရန် ။
ဆောင်ပုဒ်
- စက်မှုစွမ်းအင်မြန်ပြည်တခွင်။
အရည်အသွေး ရည်မှန်းချက်များ
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပြည်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာနတွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ၏ ပြုန်းတီးမှု drop out သည် (၈%) အောက်လျော့နည်းစေရန်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပြည်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ ဌာနရှိ ဆရာများ၏ စာသင်ကြားမှုအပေါ် ကျောင်းသားများ၏ စိတ်ကျေနပ်မှု ( Student Satisfaction ) သည် (၇၀%) အထက်တွင် ရှိစေရန်။
ဖွဲ့စည်းပုံ
စဉ် | အမည် | ဘွဲ့ | ရာထူး |
၁ | ဒေါက်တာဇင်အိအိဝင်း | Ph.D | ပါမောက္ခ |
၂ | ဒေါက်တာအောင်မျိုးထူး | Ph.D | ပါမောက္ခ |
၃ | ဦးစည်သူသွင် | M.E | တွဲဖက်ပါမောက္ခ |
၄ | ဒေါ်မြင့်မြင့်စိန် | M.E | တွဲဖက်ပါမောက္ခ |
၅ | ဦးစိုးကျော် | M.E(IE) | တွဲဖက်ပါမောက္ခ |
၆ | ဦးလှိုင်မြင့်ထွန်း | M.E | တွဲဖက်ပါမောက္ခ |
၇ | ဒေါ်အိမွန်ကျော် | M.E | ကထိက |
၈ | ဒေါ်သင်းသင်းစိုး | M.E | ကထိက |
၉ | ဦးကျော်ခိုင် | B.E | ကထိက |
၁၀ | ဒေါ်ချောစုလှိုင် | B.E | ကထိက |
၁၁ | ဒေါ်ခင်ကျော့ကျော့လင်း | M.E | လ/ထ ကထိက |
၁၂ | ဒေါ်ဝင့်ဝင့်သက် | M.E | လ/ထ ကထိက |
၁၃ | ဒေါ်ဇင်မာကျော် | B.E | လ/ထ ကထိက |
၁၄ | ဒေါ်ခိုင်ခိုင်ဝင်း | B.E | လ/ထ ကထိက |
၁၅ | ဦးအောင်မျိုးသက် | B.Tech(Chem) | လ/ထ ကထိက |
၁၆ | ဦးစည်သူလွင် | B.E | လ/ထ ကထိက |
၁၇ | ဒေါ်ရွှေစင်ယမင်းလှိုင် | M.E သင်တန်း | လ/ထ ကထိက |
၁၈ | ဒေါ်ခိုင်ဇွန်ပွင့် | B.E | လ/ထ ကထိက |
၁၉ | ဒေါ်အိစန္ဒာအောင် | B.E | သရုပ်ပြ |
၂၀ | ဒေါ်ခင်စိုးသူ | B.E | သရုပ်ပြ |
၂၁ | ဦးနိုင်ဝင်း | B.A(Hist;) | အကြီးတန်းစာရေး |
၂၂ | ဦးကျော်သူလေးလှိုင် | B.Sc(Phys;) | အကြီးတန်းစာရေး |
၂၃ | ဒေါ်သီတာသိမ့် | B.Sc(Math) | အကြီးတန်းစာရေး |
၂၄ | ဦးညီညီဇော် | B.A(Philo;) | အကြီးတန်းစာရေး |
၂၅ | ဦးစည်သူအောင် | GTHS | ရုံးအကူ |