“To learn, to teach and to apply for the benefit of mankind”

နောက်ခံသမိုင်းကြောင်း

ပြည်နည်းပညာတက္ကသိုလ်၏ သမိုင်းအကျဉ်း

ပြည်နည်းပညာတက္ကသိုလ်၏ သမိုင်းအကြောင်းအား အောက်ပါအတိုင်း ပြုစုတင်ပြအပ်ပါသည်

တက္ကသိုလ်ဖွဲ့စည်းမှုမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၁၉၉၈၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် အမိန့်‌ကြော်ငြာစာအမှတ်၊(၂၇/၉၈)ဖြင့် ပြည်စက်မှုတက္ကသိုလ် အဖြစ် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

တက္ကသိုလ်အမည်ပြောင်းလဲသတ်မှတ်ခြင်းတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီရုံး၏ (၂၉.၆.၁၉၉၈) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၇၃/၉၈)အရ ပြည်စက်မှုတက္ကသိုလ်ကို ပြည်နည်းပညာတက္ကသိုလ် (PTU)ဟူ၍ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှစ၍ ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။

ပြည်နည်းပညာတက္ကသိုလ်တွင် အစိုးရနည်းပညာကောလိပ်အား ပေါင်းစည်းမှုကို ဝန်ကြီးရုံး၏ (၂၅.၁.၂၀၀၇) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊(၀၄၁/၂၀၀၇)အရ အစိုးရနည်းပညာကောလိပ် (ပြည်)၏ ဖွဲ့စည်းပုံအား (၂၀.၁.၂၀၀၇)ရက်နေ့မှစ၍ ဖျက်သိမ်းပြီး ပြည်နည်းပညာတက္ကသိုလ်တွင် သွတ်သွင်း၍ ပေါင်းစည်းခဲ့ပါသည်။

တည်နေရာအကျယ်အဝန်း

ပြည်နည်းပညာတက္ကသိုလ်သည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့မှ (၈)မိုင်အကွာပြည်- ပေါက်ခေါင်း ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး တက္ကသိုလ်ဧရိယာမှာ (၁၂၃.၃၀)ဧက  ကျယ်ဝန်းပါသည်။