“To learn, to teach and to apply for the benefit of mankind”

အင်္ဂလိပ်စာဌာန

အင်္ဂလိပ်စာဌာန

၁၉၉၈ ခုနှစ် ပြည်နည်းပညာတက္ကသိုလ် စတင်တည်ထောင်စဉ်ကတည်းက အင်္ဂလိပ်စာဌာန အဖြစ်ပါဝင်ခဲ့ပါသည်။ လက်ရှိဌာနမှူးမှာ ဒေါ်ညွန့်ကြည်ဖြစ်ပြီး သင်ကြားရေးဆရာမအင်အား (၂၁)ဦးဖြင့် သင်ကြားရေးတာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။ ဌာနတွင် တွဲဖက်ပါမောက္ခ(၂)ဦး၊ ကထိက(၄)ဦး၊ လ/ထကထိက(၇)ဦး၊ နည်းပြ (၄)ဦးနှင့် သရုပ်ပြ(၄)ဦး ရှိပြီး အကြီးတန်းစာရေး(၁)ဦးနှင့် ရုံးအကူ(၁)ဦးရှိပါသည်။

မျှော်မှန်းချက်

ဒေသတွင်းအသိအမှတ်ပြုသော ဌာနတစ်ခုဖြစ်လာစေရန်

လုပ်ငန်းတာဝန်

အင်္ဂလိပ်ဘာသာစကား သင်ကြားမှုကို အကောင်းဆုံးအထောက်အကူပေးနိုင်ရန်

အရည်အသွေးရည်မှန်းချက်

                        ပြည်နည်းပညာတက္ကသိုလ် အင်္ဂလိပ်စာဌာနရှိ ဆရာ/ဆရာမများ၏ စာသင်ကြားမှုအပေါ်  ကျောင်းသား ကျောင်းသူများ၏  စိတ်ကျေနပ်မှုသည် ၆၅% အထက်တွင်ရှိစေရန်

ဒေါ်ညွန့်ကြည

တွဲဖက်ပါမောက္ခ

ဆက်သွယ်ရန်လိပ်စာ

Email   :nyuntkyi70@gmail.com

ရရှိခဲ့ဖူးသောဘွဲ့ဆိုင်ရာအချက်အလက်များ

  • မဟာဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)ကိုမန္တလေးတက္ကသိုလ်မှ ၁၉၉၇ခုနှစ်တွင် ရရှိခဲ့ပါသည်။
  • ဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)ကို မန္တလေးတက္ကသိုလ်မှ ၁၉၉၂ခုနှစ်တွင် ရရှိခဲ့ပါသည်။

လုပ်ကိုင်ခဲ့ဖူးသောဌာနဆိုင်ရာအချက်အလက်များ

  • တွဲဖက်ပါမောက္ခရာထူးကို ဩဂုတ်လ ၂၀၀၈ခုနှစ်မှစ၍ ယနေ့ထိ ပြည်နည်းပညာတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေပါသည်။
  • ကထိကရာထူးကို စက်တင်ဘာ ၂၀၀၄ခုနှစ် မှ ဩဂုတ်လ၂၀၀၈ခုနှစ်အထိ ပြည်နည်းပညာတက္ကသိုလ်တွင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • သုတေသနရာထူးကို ဒီဇင်ဘာလ ၂၀၀၂ခုနှစ် မှစက်တင်ဘာလ ၂၀၀၄ခုနှစ် ထိ မန္တလေး နည်းပညာတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • သရုပ်ပြရာထူးကို ဒီဇင်ဘာလ ၁၉၉၇ခုနှစ်မှ ဒီဇင်ဘာလ ၂၀၀၂ခုနှစ်အထိ မန္တလေး နည်းပညာတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။