“To learn, to teach and to apply for the benefit of mankind”

ရူပဗေဒဌာန

ပြည်နည်းပညာတက္ကသိုလ်

အင်ဂျင်နီယာရူပဗေဒဌာန

၁။ အင်ဂျင်နီယာရူပဗေဒဌာန သမိုင်းကြောင်း

၂၀၀၀ခုနှစ်တွင် ပြည် GTC  ၌ အင်ဂျင်နီယာရူပဗေဒဘာသာရပ်အဖြစ် စာပေဌာနအောက်တွင် ထားရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် ပြည်နည်းပညာတက္ကသိုလ် (PTU) သို့ ကူးပြောင်းချိန်၌ အင်ဂျင်နီယာရူပဗေဒဌာနအဖြစ် သီးခြားရပ်တည်ခဲ့ပါသည်။ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှ ၂၀၁၃-၂၀၁၄ပညာသင်နှစ်ထိ ပထမနှစ်သင်တန်းများ၏စာမေးပွဲ၌ ရူပဗေဒနှင့်ဓာတုဗေဒ ဘာသာရပ်နှစ်ခုအားပေါင်းစည်း၍ ဘာသာရပ်တစ်ခုအဖြစ် (၅၀)မှတ်ဖိုးစီစစ်မေးခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ ယနေ့တိုင်သီးခြားဘာသာရပ်အဖြစ်(၁၀၀)မှတ်ဖိုးအပြည့် စစ်မေးလျက်ရှိပါသည်။ ပထမနှစ်သင်တန်းအားလုံးကို စာတွေ့၊ လက်တွေ့ သင်တန်းများ ပို့ချလျက်ရှိပါသည်။ ၂၀၁၉-၂၀၂၀ပညာသင်နှစ်တွင်ဆရာ၊ ဆရာမ(၄) ဦး၊အကြီးတန်းစာရေး(၁) ဦးဖြင့် ဌာန၏သင်ကြားရေးလုပ်ငန်းများနှင့် ဌာနတွင်းဆိုင်ရာလုပ်ငန်းများအား လုပ်ဆောင်နေပါသည်။

၂။ အရည်အ‌သွေးရည်မှန်းချက်များ  (Quality Objectives)

အင်ဂျင်နီယာရူပဗေဒဌာန၏အရည်အသွေးရည်မှန်းချက်မှာ-

           ဆရာ၊ ဆရာမများ၏ သင်ကြားမှုအရည်အ‌သွေးအပေါ် ကျောင်းသား၊ ကျောင်းသူများ ၏ စိတ်ကျေနပ်မှု  (Students’ Satisfaction)သည် (၇၀%) အထက်ရရှိရေး ဆောင်ရွက်ရန်။

Daw Swe Swe Hnin

Lecturer

ဆက်သွယ်ရန်ဖုန်းနံပါတ်  -၉၅၀၉၇၉၆၂၇၈၅၂၃

ရရှိခဲ့သောဘွဲ့ဆိုင်ရာအချက်အလက်များ

  • မဟာသိပ္ပံဘွဲ့(ရူပဗေဒ) ကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်မြို့ မှ ၁၉၉၈ခုနှစ် တွင် ရရှိခဲ့ပါသည်။
  • သိပ္ပံဂုဏ်ထူးဘွဲ့(ရူပဗေဒ) ကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်မြို့ မှ ၁၉၉၅ခုနှစ် တွင် ရရှိခဲ့ပါသည်။

လုပ်ကိုင်ခဲ့ဘူးသောဌာနဆိုင်ရာအချက်အလက်များ

  • ၂၀၁၉ ဒီဇင်ဘာလမှစတင်၍ ပြည်နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာရူပ‌‌ဗေဒဌာနတွင် ကထိက တာဝန်ဖြင့် ထမ်းဆောင်နေပါသည်။
  • ၂၀၁၈ ဒီဇင်ဘာလမှ ၂၀၁၉ ဒီဇင်ဘာလအထိ နည်းပညာတက္ကသိုလ် (ပင်လုံ)| အင်ဂျင်နီယာရူပဗေဒဌာနတွင် ကထိက တာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၁၇ ဩဂုတ်လမှ ၂၀၁၈ ဒီဇင်ဘာလအထိ ပြည်နည်းပညာတက္ကသိုလ်| အင်ဂျင်နီယာဌာနတွင် ကထိက တာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၁၄ ဇန်နဝါရီမှ ၂၀၁၇ ဩဂုတ်အထိ ပြည်နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာရူပဗေဒဌာနတွင် လက်ထောက်ကထိက တာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၁၃ အောက်တိုဘာမှ ၂၀၁၄ ဇန်နဝါရီအထိ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၊ အင်ဂျင်နီယာရူပဗေဒဌာနတွင် လက်ထောက်ကထိက တာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၀၉ ဇန်နဝါရီမှ ၂၀၁၃ အောက်တိုဘာလအထိ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၊ အင်ဂျင်နီယာရူပဗေဒဌာနတွင် နည်းပြ တာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၀၀ မတ်လမှ ၂၀၀၈ ဒီဇင်ဘာလအထိ အစိုးရနည်းပညာကောလိပ်(ပြည်)၊ စာပေဌာနတွင် သရုပ်ပြ တာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။