အင်ဂျင်နီယာဓာတုဗေဒဌာန
- (၂၀၀၇)ခုနှစ်တွင် ပြည်နည်းပညာတက္ကသိုလ်၌ အင်ဂျင်နီယာဓာတုဗေဒဌာနကိုစတင်တည် ထောင်ခဲ့ပါသည်။
- အင်ဂျင်နီယာဓာတုဗေဒဌာနမှ ပထမနှစ်ကျောင်းသားအားလုံးအတွက် အင်ဂျင်နီယာ ဓာတုဗေဒ ဘာသာရပ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများပေးပါသည်။
- ပထမနှစ်ကျောင်းသားများအတွက် အင်ဂျင်နီယာ ဓာတုဗေဒဘာသာရပ်ဆိုင်ရာ သင်တန်းသည် အင်ဂျင်နီယာများ စူးစမ်းလေ့လာရန် လိုအပ်သည့် ဘာသာရပ် နယ်ပယ် တစ်ခု ဖြစ်ပါသည်။
- အင်ဂျင်နီယာဓာတုဗေဒဌာန၏ ရည်ရွယ်ချက်သည် ဓာတုဗေဒဘာသာရပ်၏ အခြေခံ သဘောတရားများ နှင့်အတူလက်တွေ့စမ်းသပ်မှုများကိုဉပမာများဖြင့် ဆက်နွယ် ပေး သည့် အပြင်သိပ္ပံနှင့် အင်ဂျင်နီယာ ဘာသာရပ်နှစ်ခုကြားကိုလည်းထောက်ပံ့ပေး သည့် ဘာသာရပ် ဖြစ်ပါသည်။
အင်ဂျင်နီယာဓာတုဗေဒဌာန၏ရည်ရွယ်ချက်
- ပထမနှစ် ကျောင်းသား/သူများ ဓာတုဗေဒဘာသာရပ်၏ အခြေခံသဘောတရားများကို ကောင်းစွာ သဘောပေါက် နားလည်ရန်
- ဓာတုဗေဒသင်ခန်းစာများကို လက်တွေ့နှင့်ယှည်ပြီး နားလည်အောင် သင်ကြားပြသပေးရန်
- နည်းပညာဘာသာရပ်များကို သိပ္ပံအခြေခံဖြင့် ချဉ်းကပ်လေ့လာတတ်စေရန်

ဒေါက်တာခိုင်ခိုင်လှ
တွဲဖက်ပါမောက္ခ
အင်ဂျင်နီယာဓာတုဗေဒဌာန
ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၉၇၈၁၄၄၆၃၁၃
ရရှိခဲ့သောဘွဲ့ဆိုင်ရာအချက်အလက်များ
- ပါရဂူဘွဲ့ (ဓာတုဗေဒ) ကိုရန်ကုန်တက္ကသိုလ်၊ ရန်ကုန်မြို့မှ ၂၀၀၈ ခုနှစ်တွင်ရရှိခဲ့ပါသည်။
- မဟာသိပ္ပံဘွဲ့(ဓာတုဗေဒ)ကိုရန်ကုန်တက္ကသိုလ်၊ ရန်ကုန်မြို့မှ ၂၀၀၀ ခုနှစ်တွင်ရရှိခဲ့ ပါသည်။
- သိပ္ပံဂုဏ်ထူးဘွဲ့(ဓာတုဗေဒ)ကိုရန်ကုန်တက္ကသိုလ်၊ ရန်ကုန်မြို့မှ ၁၉၉၅ ခုနှစ်တွင်ရရှိခဲ့ ပါသည်။
လုပ်ကိုင်ခဲ့ဘူးသောဌာနဆိုင်ရာအချက်အလက်များ
- ၂၀၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ပြည်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် တွဲဖက်ပါမောက္ခတာဝန်ဖြင့် ထမ်းဆောင်နေပါသည်။
- ၂၀၁၄ ဇွန်လမှ ၂၀၁၈ ဒီဇင်ဘာလအထိပြည်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် ကထိကတာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
- ၂၀၁၁ ဒီဇင်ဘာလမှ ၂၀၁၄ ဇွန်လအထိမကွေးတက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် ကထိကတာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
- ၂၀၀၆ ဒီဇင်ဘာလမှ ၂၀၁၁ နိုဝင််ဘာလအထိပြည်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် လ/ထ ကထိကတာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
- ၂၀၀၆ မေလမှ ၂၀၀၆ ဒီဇင်ဘာလအထိပြည်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် သရုပ်ပြ တာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
- ၂၀၀၁ မေလမှ ၂၀၀၆ ဧပြီလအထိဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနရန်ကုန်တွင် သရုပ်ပြ တာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
- ၁၉၉၈ ဇူလိုင်လမှ ၂၀၀၁ ဇန်နဝါရီလအထိပုသိမ်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် သရုပ်ပြ တာဝန်ဖြင့် ထမ်းဆောင်ခဲ့ပါသည်။
