ဘွဲ့နှင်းသဘင်တက်ရောက်ရာတွင် လိုက်နာရမည့် ဝတ်စားဆင်ယင်မှု စည်းကမ်းများ

အမျိုးသားများအတွက် သတ်မှတ်ချက်

၁။ မြန်မာဝတ်စုံ စတစ်ကော်လံအဖြူ၊ (တိုက်ပုံ) မဖြစ်မနေဝတ်ဆင်ရမည်။ ၂။ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ နှစ်သက်ရာဝတ်စုံများကို စနစ်တကျပြည့်စုံစွာဝတ်ဆင်ရမည်။ ၃။ အနောက်တိုင်းဝတ်စုံဝတ်ဆင်လျှင် ရှုးဖိနပ်မဖြစ်မနေ ဝတ်ဆင်ရမည်။ ၄။ နားကပ်၊ နားကွင်း မဝတ်ဆင်ရ။ ၅။ ဆံပင်အနီရောင်၊ သနပ်ခါး ပါးကွက်ကြား မပါရှိရ။

အမျိုးသမီးများအတွက် သတ်မှတ်ချက်

၁။ ရင်ဖုံး၊ ရင်စေ့ အင်္ကျီ၊ တိုင်းရင်းသားဝတ်စုံ နှစ်သက်ရာဝတ်စုံများကို စနစ်တကျ ပြည့်စုံစွာ ဝတ်ဆင်ရမည်။ ၂။ အခမ်းအနားနေ့တွင် ခြုံပါဝါ ခြုံရမည်။ ပါးလွှာသောအင်္ကျီများ၊ အင်္ကျီလယ်ဟိုက်၊ ထဘီအကွဲ၊ သုံးလွှာစကတ် ဝတ်ဆင်ခြင်း ခွင့်မပြု။ ၃။ အင်္ကျီနောက်ကျောခြမ်း လုံခြုံစွာဝတ်ဆင်ရမည်။ ၄။ အင်္ကျီနှင့်တဆက်တည်းပုဝါ ဝတ်ဆင်ခွင့်မပြု။ ၅။ ဆံပင်ဖားလျားချခြင်း၊ ဆေးအရောင်ဆိုးခြင်း၊ သနပ်ခါးပါးကွက်ကြားများ လိမ်းခြယ်ခြင်း ခွင့်မပြု။

Leave a Reply

Your email address will not be published. Required fields are marked *