မော်တော်ယာဥ်နည်းပညာသင်တန်း
Mechanical engineering drawing အခြေခံ များကို သိရှိနားလည်စေရန်၊ တစ်လုံးထိုးဓါတ်ဆီ၊ ဒီဇယ်အင်ဂျင် များကိုစစ်ဆေးပြုပြင်တတ်စေရန်၊ Multi cylinder internal combustion engine များ၏ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံကို နားလည်ပြီး စစ်ဆေးတတ်စေရန်၊ Chassis and Drive Train တွင်ပါဝင်သော အစိတ်အပိုင်းများကို နားလည်ပြီး စစ်ဆေးတတ် စေရန်၊ Auto Transmission, Antilock Braking system, Power steering နှင့် Car Air-condition များ၏တည်ဆောက်ပုံ နှင့် အလုပ်လုပ်ပုံများကို သိရှိနားလည်စေရန်။
| GTHS Certificate (မော်တော်ယာဉ်နည်းပညာ) |
| အခြေခံပညာအလယ်တန်း အောင်မြင်ပြီးသူ ဖြစ်ရပါမည်။ |
| GTHS သင်တန်း (၂)နှစ် ပြီးမြောက်ပါက စက်ရုံ/ အလုပ်ရုံများနှင့် မော်တော်ယာဉ် အလုပ်ရုံများတွင် skilled workerများအဖြစ် လည်းကောင်း၊ ကျေးလက်ဒေသများတွင် တစ်လုံးထိုး အင်ဂျင် စက်ပြင်ဆရာအဖြစ် လည်းကောင်း အသက်မွေးဝမ်းကျောင်း ပြုနိုင်ပါမည်။ ထူးချွန်သူများအနေဖြင့် B-Tech/ AGTI အဆင့်မြင့်သင်တန်းများသို့ ဆက်လက်ပညာသင်ကြားခွင့်ရရှိ ပါမည်။ |
လက်တွေ့ဆောင်ရွက်နေမှုမှတ်တမ်းဓာတ်ပုံများ