အဆောက်အဦနည်းပညာသင်တန်း
အဆောက်အဦးနည်းပညာသင်တန်းသည် အဆောက်အဦး ပုံစံများ ထုတ်လုပ်ခြင်း၊ လက်သမားဆိုင်ရာ လုပ်ငန်းများ၊ ပန်းရံအုတ်စီခြင်းဆိုင်ရာ အတတ်ပညာများ၊ Surveying တိုင်းတာခြင်း စသည့် အဆောက်အဦးဆိုင်ရာနည်းပညာ များကို သင်ကြားပေးနေသည့် သင်တန်းဖြစ်ပါသည်။

ပေးအပ်မည့်certificate
| G.T.H.S, Certificate( အဆောက်အဦးနည်းပညာ) |
ကျောင်းဝင်ခွင့်သတ်မှတ်ချက်
အခြေခံပညာစနစ်သစ် KG+12 မှ Grade -9 အောင်မြင် ပြီးသူ
အလုပ်အကိုင်အခွင့်အလမ်း
သင်တန်းပြီးဆုံးပါက မြို့ပြဆိုင်ရာလုပ်ငန်းခွင်များတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ အင်ဂျင်နီယာ ဘာသာရပ် အခြေခံများကို စာတွေ့သာမက လက်တွေ့ များပါ သင်ယူလေ့လာရ၍ အဆောက်အဦး တည်ဆောက် သည့်လုပ်ငန်းများ၊ အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပြီး၊ လက်တွေ့ လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်နိုင်မည် ဖြစ်ပါ သည်။
လက်တွေ့ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ




