Workshop on IQA Work Plan and Commitment Plan of AUN-QA Criteria

ပြည်နည်းပညာတက္ကသိုလ်သည် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ၏ လမ်းညွှန်ချက်အတိုင်း တက္ကသိုလ်၏ အရည်အသွေးပြည့်ဝရေး(Quality Assurance) အတွက် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိရာ AUN-QA Criteriaနှင့် Requirements များအား အသုံးချ၍ တက္ကသိုလ်၏ Self-Assessment and IQA Plan ရေးဆွဲခြင်းနှင့် Commitment Plan ရေးဆွဲခြင်းအား Workshop ပြုလုပ်ခြင်း အခမ်းအနားကို (20.5.2025) ရက်နေ့ မနက် (၉)နာရီ မှ ညနေ (၅)နာရီထိ ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ ပြည်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်မှ ဦးဆောင်၍ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပထမဦးစွာ ဒုတိယပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး QMR မှ Workshop တွင် ပြုလုပ်ရမည့် Activities များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဌာနမှူးများနှင့် QMR မှ Mentor ပြုလုပ်၍ Workshop ကို AUN-QA Criteria 8 ခု ရှိသည့်အတိုင်း Group 8 ခုခွဲ၍ IQA Plan နှင့် Commitment Plan များရေးဆွဲခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် Workshop Output များကို Group တခုချင်းစီမှ ဆွေးနွေးတင်ပြကြပြီး ဆရာ၊ဆရာမများမှ ထပ်ဆင့်ဆွေးနွေးကြပြီး ဒုတိယပါမောက္ခချုပ်ဆရာမကြီးမှ လိုအပ်သည်များ ထပ်ဆင့်ဆွေးနွေးပေးခဲ့ပါသည်။ Workshop အပြီးတွင် Best Presenter ဆုရရှိသော ဆရာနှင့် ၎င်း၏ Group အားဆုချီးမြှင့်ခြင်း၊ Presentation ပြုလုပ်ပေးပါသော Group တခုချင်းစီမှ Presenter ဆရာ၊ဆရာမများအား အမှတ်တရ လက်ဆောင်များ ပေးအပ်၍ ညနေ (၅)နာရီတွင် Workshop အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

Leave a comment

Your email address will not be published. Required fields are marked *