အကြိမ် (၂၀) မြောက် ဘွဲ့နှင်းသဘင်အတွက် ဘွဲ့နှင်းသဘင် လျှောက်လွှာခေါ်ယူခြင်း

၁။ ပြည်နည်းပညာတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ပြည်နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းဘသင်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

  • အကြိုလေ့ကျင့်ခြင်း – ၆.၂.၂၀၂၆ ရက် (သောကြာနေ့) နံနက် ၉း၀၀ နာရီ
  • ဘွဲ့နှင်းသဘင်ကျင်းပခြင်း – ၇.၂.၂၀၂၆ ရက် (စနေနေ့) နံနက် ၉း၀၀ နာရီ

၂။ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ အောက်ဖော်ပြပါ ဘွဲ့ရစာမေးပွဲအောင်မြင်သူများတက်ရောက်ဘွဲ့ယူနိုင်ပါသည်။

၃။ ဘွဲ့နှင်းသဘင်ကြေးအား အောက်ဖော်ပြပါအတိုင်း သတ်မှတ်ထားပါသည်။

  • တက်ရောက်ဘွဲ့ -M.E /B.E ဘွဲ့အတွက် (ကျပ်ထောင်ငါးရာတိတိ) လျှောက်လွှာနှင့်အတူ ပေးသွင်းရန်။
  • အဝေးရောက်ဘွဲ့ – M.E /B.E ဘွဲ့နှင့် နှစ်ဟောင်း M.E /B.E ဘွဲ့အတွက် (တစ်ထောင်ကျပ်တိတိ) လျှောက်လွှာနှင့်အတူပေးသွင်းရန်။

၄။ ဘွဲ့နှင်းသဘင်အတွက် မြန်မာဝတ်စုံ (သို့မဟုတ်) အနောက်တိုင်းဝတ်စုံဖြင့် ဝတ်ဆင်ရိုက်ကူးထားသော (တစ်လက်မခွဲ x နှစ်လက်မ) အရွယ် ဓာတ်ပုံ (၅) ပုံ (ဓါတ်ပုံ၏ အောက်တွင် မှတ်ပုံတင်နံပါတ် ထည့်သွင်းရိုက်ကူးခြင်းမပြုရန်) နှင့်အတူ တင်ရမည်ဖြစ်သည်။ အကယ်၍ အနောက်တိုင်းဝတ်စုံဖြင့်ရိုက်လျှင် အတွင်းအင်္ကျီမှာ အဖြူူရောင်ဖြစ်ရမည်။

၅။ ဘွဲ့နှင်းသဘင်သို့ တက်ရောက်မည့်သူများသည် အကြိုလေ့ကျင့်ခြင်းနှင့် ဘွဲ့နှင်းသဘင်ကျင်းပခြင်း အခမ်းအနားတွင် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်း (အမျိုးသားဝတ်စုံ) တို့ကို အပြည့်အစုံဝတ်ဆင်၍ တက်ရောက်နိုင်ပါသည်။ (အဆိုပါ အကြိုလေ့ကျင့်ခြင်းနှင့် ဘွဲ့နှင်းသဘင်ကျင်းပခြင်း အခမ်းအနားတွင် မြန်မာယဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်ယင်မှုမျိုးဖြင့် လုံးဝတက်ရောက်ခွင့်ပြုမည်မဟုတ်ပါ။)

၆။ ဘွဲ့နှင်းသဘင်လျှောက်လွှာများကို (၅.၁.၂၀၂၆) (တနင်္လာနေ့) မှစ၍ ပြည်နည်းပညာတက္ကသိုလ်ရှိ သင်တန်းရေးရာဌာနမှဝယ်ယူ၍ ပြည့်စုံစွာဖြည့်စွက်ပြီး (၁၆.၁.၂၀၂၆) (သောကြာနေ့) နောက်ဆုံးထားပြီး လျှောက်ထားရမည်။ (အစိုးရရုံးပိတ်ရက်များမပါ)

၇။ ဘွဲ့နှင်းသဘင်တက်ရောက်မည် (သို့မဟုတ်) အဝေးရောက်ယူမည်ကို တိကျစွာ ‌ဖော်ပြရမည်။

မှတ်ချက်။ ။အသေးစိတ်အချက်အလက်များ စုံစမ်းသိရှိလိုပါက ပြည်နည်းပညာတက္ကသိုလ်ရှိ သင်တန်းရေးရာဌာန (ဖုန်း ၀၉-၇၆၅၆၈၄၀၅၇၊ ၀၉-၂၅၅၉၄၁၂၂၄) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Leave a comment

Your email address will not be published. Required fields are marked *